Tuesday, November 2, 2010

သတိရပေးပါ

မနေချင်လို့ထွက်သွားပေမယ့်
နေခဲ့ဖူးတယ် ဆိုတာလေးတော့
သတိရပေးပါ...
မချစ်ချင်လို့ မေ့သွားပေမယ့်
ချစ်ခဲ့ဖူးတယ် ဆိုတာလေးတော့
သတိရပေးပါ...
မဆုံချင်လို့ လမ်းခွဲသွားပေမယ့်
ဆုံခဲ့ဖူးတယ် ဆိုတာလေးတော့
သတိရပေးပါ...
အကြောင်းကြောင်း ကြောင့်ဖြစ်စေ
တိုက်ဆိုင်မှု ကြောင့်ဖြစ်စေ
အမှတ်တမဲ့လေး ကြောင့်ဖြစ်စေ
တချိန်က ရင်ခုန်ခဲ့ဖူးတယ် ဆိုတာလေးတော့
သတိရသွားရင် ဆိုရင်ပဲ
ကျေနပ်လိုက်ပါမယ်.....