Tuesday, November 2, 2010

သတိရပေးပါ

မနေချင်လို့ထွက်သွားပေမယ့်
နေခဲ့ဖူးတယ် ဆိုတာလေးတော့
သတိရပေးပါ...
မချစ်ချင်လို့ မေ့သွားပေမယ့်
ချစ်ခဲ့ဖူးတယ် ဆိုတာလေးတော့
သတိရပေးပါ...
မဆုံချင်လို့ လမ်းခွဲသွားပေမယ့်
ဆုံခဲ့ဖူးတယ် ဆိုတာလေးတော့
သတိရပေးပါ...
အကြောင်းကြောင်း ကြောင့်ဖြစ်စေ
တိုက်ဆိုင်မှု ကြောင့်ဖြစ်စေ
အမှတ်တမဲ့လေး ကြောင့်ဖြစ်စေ
တချိန်က ရင်ခုန်ခဲ့ဖူးတယ် ဆိုတာလေးတော့
သတိရသွားရင် ဆိုရင်ပဲ
ကျေနပ်လိုက်ပါမယ်.....

Sunday, July 11, 2010

အချစ်ဆုတောင်း

အချစ်
ဆုံးရှူံးခြင်းဟာ ရယူခြင်းရဲ့ အသွင်တစ်မျိုးလို့ ဆိုခဲ့ကြတယ်
ကိုမင်းကို ပေးဆက်ခဲ့ရတဲ့
ချစ်မေတ္တာအကြင်နာတွေ
ဂရုစိုက်ယုယမှုတွေ
အစိုးရိမ်ပိုကြောင့်ကြမှုတွေ
အလိုတော်တိုင်း ဖြည့်ဆည်းမှုတွေ
ဒါတွေအားလုံး
မင်းရဲ့မေတ္တာကို ခံယူဖို့
အသွင်တစ်မျိုးနဲ့ ကိုပေးဆပ် ခဲ့ပါတယ်
မေတ္တာမှန်ရင် တုံ့ပြန်ပါစေကွယ်...

Sunday, June 27, 2010

ဖက်ခဲ့ဖူးသော ကဗျာ လေးတပုဒ်

သူ
လျှောက်လာခဲ့တယ်....
ကိုရောစိတ်ရော နွမ်းနွမ်းကြေကြေနဲ့
အကျွမ်းမ၀င်တဲ့ ညနေရီမှာ...
နေရောက်ကလည်းစိမ်းနေသလားထင်ရတယ်.
ရှေ့ကိုလှမ်းကြည့်တော့
ဖြူရော်ရော်လမ်းကလေး
ဘယ်ကွေ့ရာက ညာကိုကောက်နဲ့
သြော်...
ဘယ်ကိုများရောက်ပါလိမ့်၊ရောက်မှာပါလိမ့်
လို့ တွေးရင်း တွေးရင်း...
မရေမရာ
ဇဝေဇ၀ါနဲ့ သွားရမယ့် ခရီးရဲ့
မသေချာတဲ့ ဝေဒနာကို ရင်မှာခံစားလာရတယ်
အဲ့ဒီတုန်းက သူ့ကိုပြောဖူးပါတယ်.
ဘယ်ရောက်လဲသိအောင်ဆက်ရှောက်လို့..
ဆက်ရှောက်ကြည့်လိုက်ပါလားလို့......

မိုက်မိုက်

Monday, June 21, 2010

ပျံသန်းရင်နဲ့သေမယ်

အတောင်တွေညောင်းလို့
စုတ်ပြတ်သက်နေပါစေ
လေဆန်ကို ပျံလို့
ရှိသမျှအားနဲ့
နောက်ဆုံးချိန်ထိ ပျံနေမယ်...
ဘေးမှာ မရှိတဲ့ ကြင်ဖော် ကိုလွမ်းလို့
စောင့်မနေနိုင် တဲ့ ဘ၀တွေ မှာ
ငါ.....
ပျံသန်းရင်းသေမယ်.........



မိုက်မိုက်

Saturday, June 12, 2010

ချစ်လျှက်နဲ့ဝေး

တကယ်တန်းဝေးရတော့မှ
ငါ...မင်းကို ချစ်တာပိုသိသာလာတယ်...
နောက်ဆုံး ချိန်လေးမှာ
ငါ...မင်းမျက်နှာလေး ကြည့်မဝခဲ့ပါ...
လက်ပြနုတ်ဆက် တော့မှ
ငါ...မျက်ရည်တွေ
အမိန့်မပေးဘဲ ကျခဲ့ရတယ်..
အကြောင်းကြောင်း ကြောင့်...
ဝေးရပေမဲ့ ငါတကယ်
မင်းနဲ့ မဝေးချင်ဘူး...
အရင်က မင်းတဖွဖွပြောတဲ့
စကားလေးတွေ...
ငါဘယ်ချိန်မှ ပြန်ကြားနိုင်မှာလဲ...
တချိန်ပြန်ဆုံမှာပါ လို့
ငါမျှော်လင့်နေမှာပါ...
ရင်မှာ နေရာ အပြည့်ယူတဲ့
မင်းကို ဝေးနေရမဲ့နေ့ရက်တွေကို
ငါဘယ်လိုကျော်ဖြစ်ရမလဲ...
ချစ်လျှက် နဲ့ ဝေးရတဲ့ ဒုက္ခ
ဘယ်သူခံစား နိုင်မှာလဲ
ပုထုစဉ်ထဲက ပုထုစဉ်
ငါလဲ အပါအဝင်မို့
မခံစား နိုင်ဘူး ချစ်သူရယ်...

မူးတဲ့ည


ရီဝေတဲ့ည
ယစ်မူးနေတဲ့သံစဉ်တွေကြား
ငါဟာအဖော်ကွဲ
လွမ်းမျတ်ရည်ဝဲခဲ့ရပေါ့... .
[နောက်တစ်ခွက်]
နင်စွန့် ခဲ့တဲ့ဘဝ
ဒဏ်ယာပလပွနဲ့ 
လွမ်းချင်းတွေထုတ်
ငါခုထိအငိုမတိတ်ခဲ့ဘူး.... ...
[နောက်တစ်ခွက်]
အဆိုးဆုံးပဲ
နာကျင်တဲ့သီချင်း
ရင်ဝယ်ဆိုငြီးရင်း
သံစဉ်ချိုးဖောက်
[ဒေါက်]
ဘယ်ညာယိုင်ထိုး
ဂစ်တာကြိုးပျက်တောင်မှ
ငါနင့်ကိုမမေ့ခဲ့ပါဘူးအချစ်ရယ်. ....ကဲ
[နောက်တစ်လုံး]
လေါကကြီးရေ သင်နဲ့ ငါ
ဒီညတော့ ကောင်းကောင်းမူးကြပြီပေါ့...... ...

အမှောင်ဘဝရဲ့အဖော်

ညဘက်မှ အစားရှာတဲ့
ငှက်...
ညဘက်မှ မွှေးတဲ့
ပန်း...
ညဘက်မှ လင်းတဲ့
လမင်း နဲ့ ကြယ်လေးတွေ ...
သူတို့က ဘဝတူတွေလား....
ဒါက သဘာဝပေးတဲ့ ဘဝ
ငါက ရော...ဘာထူးလဲ..
ညဘက်မှ အလုပ်လုပ်
နေ့ဘက် ဆို အိပ်..
ဘယ်မှာ လဲ နေ့ခင်းဘက်ရဲ့
အလှတရားတွေ..
မမြင်တာ ကြာခံပေါ့
မြင်လျှက်နဲ့ ကန်းနေတဲ့
အမှောင် ဘဝ
ကံကြမ္မာက ပေးတဲ့ ဘဝလား..
ဘယ်မှာလဲ တစ်လူယောက်ရဲ့
တစ်နေ့တာ ..
ငါ့အတွက်တော့
တစ်ညတာ လား...
လူတွေပြော တဲ့
နေရောင်ခြည်အောက်က
အလှတရားတွေ...
ဘယ်မှာ လဲ...
ငါမမြင်နိုင်သေးဘူး...
ငါမြင်တာ သန်းခေါင်ယံရဲ့
အလှတရား...
တိတ်ဆိတ်နေတဲ့ ညချမ်းမှာ
ညငှက် ရဲ့ တောင်ပျံခတ်သံ
လေနုကြမ်းလေး နဲ့အတူ
မျောပါလာ တဲ့
ညပန်းလေးရဲ့ ရနံ
မှောင်ကို ထိုးဖေါက်
အလင်းပေး တဲ့
လမင်း နဲ့ ကြယ်တွေ...
ဒါတွေ ဟာ
ငါဘဝ အတွက်တော့...
စိတ်ဖြေစရာ..
ဘဝအဖော် တွေဆိုလည်း
မမှားဘူးပေါ့......