Sunday, May 23, 2010

သွေးမဲ့ဒဏ်ရာ

ကြည်သာတဲ့ရာသီစက်ဝန်းမှာ စတင်ခဲ့တဲ့
တို့နှစ်ယောက်ရဲ့ သံယောစဉ်တွေ
အဲ့ဒီတုန်းးက
ဖိနပ်အသစ် စီးရတဲ့ ခြေထောက်တွေလို မြောက်ကြွလို့
(ဖိနပ်ပေါက်တက်ကြောင်း သတိမထားမိလို့ဖြစ်မယ်)
ရယ်မောနေသောမင်းမျက်ဝန်းညို
မတွေ့ရတဲ့နေ့တွေမှာ
ငါကသာသေမလောက်လွမ်းတက်ခဲ့ပြီး
မင်းကတော့..
"စိတ်မကောင်းပေမယ့် အိပ်ကောင်းပါတယ်"တဲ့
မျက်နှာလေးတောင်ဖောင်းလို့။
ရပ်တန့်ထားခဲ့ချင်တော့လည်း
ဆင်ခြေဆင်လက်တွေ မင်းအိပ်ကပ်ထဲအသင့်ထည့်လို့
ငါရဲ့အတည်တွေကို အရယ် တွေအဖြစ်
ခံစားတော့
နှာခေါင်းပိတ်ခံရသူလို မွန်ကျပ်လှပါတယ်
အသည်းနှလုံးကိုရင်းနှီးမြုပ်နှံခဲ့တဲ့ငါ့အတွက်
အမြတ်ကတော့ အသည်းကွဲခြင်းပါပဲ
သွေးစိမ်းရှင်ရှင်မကျခဲ့ပေမယ့်
ဒဏ်ရာကတော့နက်ခဲ့ပါပြီ
မိန်းကလေးရယ်
အနည်းဆုံးတော့(စစ်မှန်စွာ) ပြုံးပြခဲ့သင့်ပါတယ်။

သူငယ်ချင်း

ငါ့အရိုးများဆွေးမြေ့နေပါစေ
မင်းကိုငါမမေ့ဘူး
နွေနဲ့မိုးဆောင်း
ရာသီပြောင်းလဲခဲ့ပေမယ့်
ငါ့စိတ်တွေမပြောင်းခဲ့ဘူး
ဒါပေမယ့်တို့တွေက 
                               သူငယ်ချင်း..။
ငယ်ဖော်ရင်းတွေမဟုတ်ခဲ့ပေမယ့်
သွေးသားရင်းတွေလိုခင်ခဲ့ကြ
တစ်ခါတရံမှာပေါက်တက်ကရတွေ ပြောကြ
တစ်ခါတရံမှာ ခံစားချက်တွေ ကဗျာအဖြစ်ပုံသွင်းကြ
တစ်ခါတစ်ရံမှာ နှလုံးသားဒဏ်ရာ တွေ ကုစားကြ
ဒါပေမယ့်မင်းနဲ့ငါ 
မတွေ့ဖြစ်ခဲ့ကြဘူး
စာလေးတွေရေးပြီး
မမြင်ရတဲ့ သံယောစဉ်တွေ အပြည့်
ဒိလိုလူတွေမှ မခင်ခဲ့ကြရင်
ဒီလိုလူတွေမှ မရင်းနှီးခဲ့ကြရင်
နောင်သမိုင်းရေးမယ့်သူတွေ ထိုင်နေရလိမ့်မယ်။

Saturday, May 22, 2010

အလှနှစ်ဆင့်ပိုင်ရှင်

မြင်ကတည်းက
ရင်ထဲမှာ ခင်.....
မျက်နှာထားချိုချိုမှာ
ပါးကွက်ကြား မစို့တစို့လေးရယ်
ညိုနွဲ့နွဲ့ယဉ်..။
ဆည်းလည်းသံလေးလိုပ
ငြိမ့်ငြိမ့်အေးလို့ ပျံ့ဝေလွင်
ချိုရွှင်တဲ့သူ့စကား
လက်ကြာငုံ 
မပြတ်အာရုံ စိန္တေပါးမှာဖြင့်
တဘက်လေးရုံကာ သူညွတ်တွားတယ်
မြင့်မယ့် စိတ်ထား။

(ချစ်သူသို့)

အသွားမရှိတဲ့ ဓါးတစ်ချောင်း

ငါက
လူရာမ၀င်တဲ့ မိုးတိမ်တစ်ခု
လေနျင်ရာ တလါင့်လွင့် မျောပါရင်း
မိုးရွာချစရာ နေရာ တစ်ခုမှ ရှာမတွေ့သေးဘူး..။
ငါက
အလေဏတော ပင်လယ်တစ်စင်း
ခြေဦးတည့်ရာ စုံဆန် စီးဆင်းရင်း
ငွေ့ရည်ဖွဲ့စရာ နေရာတစ်ခုရှာမတွေ့သေးဘူး
လွတ်မြောက်မှုကိုရှာဖွေရင်း
ကိုယ့်ကိုယ် ကိုယ် ပြန်တုပ်နှောင်မိတဲ့အခါ
အရှိတရားကိုရှာဖွေရင်း
ကိုယ့်ကိုယ်ကိုယ် ပြန်ရှာမတွေ့နိုင်တဲ့အခါ
ငါက
မင်းအတွက်
အသွားမရှိတဲ့ ဓါးတစ်ချောင်း။

ကွန်ရက်

ရင်တစ်ခုလုံး လောင်ကျွမ်းခဲ့တယ်
လုံးပါးပါးလာတဲ့ နှလုံးသား
အရှူံးများထဲက ရုံးမထွက်နိုင်ခဲ့
တစ်ခါတစ်ခါ အိပ်မက်ထဲမှာ မင်းက
မီးမြှိက်လို့..
ဘ၀ဟာလောက်စာအပြည့်နဲ့
သံသရာ ၀ဋ်ကြွေးတွေ
ဆီမခန်းနိုင်တော့ ဘူးးးးးးးးးးးးးးးးးး

ကိန်းသေအချစ်

အဖြေမဲ့ ပုစ္စာကို
ရင်တွင်းခံစားချက်နဲ့
အားဖြည့်တွက်ချက်မိခဲ့တယ်..
အဆုံးသက်မှာရခဲ့တဲ့
အရှူံးရဲ့ အရသာဟာ
ချိုမြိန်စူးရှလို့
နောင်တတရားကို မပွေ့ဖက်ခဲ့ဘူး
သေချာပါတယ်...။
နောက်တခါဆိုတဲ့ မျှော်လင့်ခွင့်လေး
ရှိဦးမယ်ဆိုတောင်
အမှတ်မရှိတဲ့နှလုံးသားက
အရင်လို..............
ချစ်ခွင့်ပန်မိမှာပါပဲ...........။

Tuesday, May 11, 2010

အလွမ်းရဲ့အစ

ဒီဘလော့လေးကို ရေးထားတာကြာပြီ သူနဲ့တွေ့မှ စရေးထားတာ ပိုစ့်တွေကတော့ မရေးဖြစ်ဘူး
ရေးချင်စိတ်ရှိနေတာတောင် အလုပ်က မအားတော့ မရေးဖြစ်ဘူး ဒီဘလော့လေးကို ရင်ထဲက အလွမ်းတွေ အတွက် ရင်ဖွင့်စရာ အဖော်လေးအဖြစ် တနည်းအားဖြင့်တော့ ကျွန်တော့ရဲ့ ဒဏ္ဍာရီလေးပေါ့ :)