Sunday, May 23, 2010

သွေးမဲ့ဒဏ်ရာ

ကြည်သာတဲ့ရာသီစက်ဝန်းမှာ စတင်ခဲ့တဲ့
တို့နှစ်ယောက်ရဲ့ သံယောစဉ်တွေ
အဲ့ဒီတုန်းးက
ဖိနပ်အသစ် စီးရတဲ့ ခြေထောက်တွေလို မြောက်ကြွလို့
(ဖိနပ်ပေါက်တက်ကြောင်း သတိမထားမိလို့ဖြစ်မယ်)
ရယ်မောနေသောမင်းမျက်ဝန်းညို
မတွေ့ရတဲ့နေ့တွေမှာ
ငါကသာသေမလောက်လွမ်းတက်ခဲ့ပြီး
မင်းကတော့..
"စိတ်မကောင်းပေမယ့် အိပ်ကောင်းပါတယ်"တဲ့
မျက်နှာလေးတောင်ဖောင်းလို့။
ရပ်တန့်ထားခဲ့ချင်တော့လည်း
ဆင်ခြေဆင်လက်တွေ မင်းအိပ်ကပ်ထဲအသင့်ထည့်လို့
ငါရဲ့အတည်တွေကို အရယ် တွေအဖြစ်
ခံစားတော့
နှာခေါင်းပိတ်ခံရသူလို မွန်ကျပ်လှပါတယ်
အသည်းနှလုံးကိုရင်းနှီးမြုပ်နှံခဲ့တဲ့ငါ့အတွက်
အမြတ်ကတော့ အသည်းကွဲခြင်းပါပဲ
သွေးစိမ်းရှင်ရှင်မကျခဲ့ပေမယ့်
ဒဏ်ရာကတော့နက်ခဲ့ပါပြီ
မိန်းကလေးရယ်
အနည်းဆုံးတော့(စစ်မှန်စွာ) ပြုံးပြခဲ့သင့်ပါတယ်။

No comments:

Post a Comment