Friday, January 13, 2012

-_-

လွမ်းတယ်ဆိုယုံလေးပါ….

အလွမ်းတိုင်းဟာ ပန်းမပွင့်နိုင်ပေမဲ့

အလွမ်းတွေမှာ မျက်ရည်စ တွေနဲ့ပါ…

ရေတစ်ပေါက်နဲ့ ပန်းတွေရှင်သန်နိုင်သလို

မျက်ရည်တစ်ပေါက်ကြောင့်လဲ လွမ်းရက်တွေရှည်နိုင်ပါတယ်…

မျှော်လင့်ချက်မရှိတော့ပေမဲ့ အလွမ်းတို့ရင်မှာ

ပြည့်လျှံနေတုန်းပါ ….

Tuesday, December 27, 2011

အချစ်ဆိုတာ...

အချစ်ဆိုတာ...သာယာသလိုနဲ့
မာယာပိုတဲ့တိမ်တိုက်တွေလား.....အချစ်ဆိုတာ...
ဖြောင့်ဖြူးသလိုနဲ့...ညှောင့်ဆူးတွေပေါတဲ့....ခရောင်းလမ်းလား
အချစ်ဆိုတာ....အေးမြသလိုနဲ့ ဆွေးရတာကိုလူတိုင်းသိမှာပ်
ဒါပေမယ့်.......ချစ်ကြတုန်း...လွမ်းကြတုန်းဘဲလေ....
တကယ်တော့....
အချစ်ဆိုတာ......မရှိမကောင်း...ရှိမကောင်းပါ
အချစ်ဆိုတာ.........အချစ်ဆိုတာ......အချစ်ဆိုတာနဲ့
အသက်ကြီးလာမှာ....သြော်....ငါမှားခဲ့လေခြင်း..
ဖြေရှင်းမရတဲ့ ပြသာနာက.......အချစ်နော်....

အဝေးကချစ်သူ

ခွဲခွာချိန်တိုင်း၊လွဲနေချိန်တိုင်း
ပိုင်ဆိုင်ထားတဲ့  ကံရေ........
တကယ်လို့  သူနဲ့ ငါကို..
ခုချိန်မှာတော့ ချစ်သူဖြစ်ခွင့်ပေးပြီး
ဘယ်အချိန်ဘယ်နေရာမှာ
ငါတို့ ကိုခွဲသွားမယ်ဆိုတာ
မင်းသိပါတယ်လေ.......
ပြောပြလို့ ရပေမယ့်
မင်းရဲ့ ရက်စက်ခြင်းတွေကြောင့်
ငါတို့ ရဲ့ အချစ်များက
ပြန်စလို့ မရတော့ တဲ့ 
ဘ၀တစ်ခုလို အမှောင်ကျခဲ့ရပါပြီ
မင်းကျေနပ်ပါလို့ 
ငါပြောချင်မိတယ်
အချိန်ခဏတာအတွင်းမှာ
ကျဆုံးခဲ့ တာကိုမင်းမြင်ရင်
ကျေနပ်ပါစေလို့  ဆုတောင်းရင်
အဝေးကချစ်သူကိုချစ်နေဆဲပါဆိုတာ
မင်းပြောပြပေးပါလားကွာ.........။

အလွမ်းည

အိပ်မရတဲ့ညတွေမှာ...ဆိုမင်းကိုလွမ်းခဲ့
ရတဲ့အလွမ်းတွေက...ရင်မှာအပြည့်ပါ.....
တိတ်ဆိတ်တဲ့ညမှာ...အလွမ်းဆိုတာပိုမိုဖြစ်
စေခဲ့ပါတယ်......
ဒီလိုအိပ်မရတဲ့
ညစဉ်ညတိုင်းရဲ့လွမ်းဆွေးမှု့ကို
တစ်ခါတစ်ရံတော့ကုန်ဆုံးချင်တာပေါ့
ချစ်သူရယ်

တကယ်လို့များ ...

ငါသိတယ်…ဝေးရမှာပါ

ရင်နစ်အောင် ခံစားရဦးမယ်

ဘယ်လို သီအိုရီတွေနဲ့ပဲတွက်တွက်

အဖြေမရတဲ့ ပုစ္ဆာလို…

အခြေမတူတဲ့ ဘဝနှစ်ခုကလည်း

ပေါင်းဖို့ဆိုတာ မလွယ်ပါ…

ငါသိတယ်…မဖြစ်နိုင်မှန်း

မင်းလည်း ငါ့စီမလာနိုင်

ငါလည်း မင်းစီမလာနိုင်ဘူး…

ဒါပေမဲ့ ကြိုးစားမိနေတယ်

မဖြစ်နိုင်တာတွေ ဖြစ်အောင်ပေါ့

ငါမျှော်လင့်မိနေသေးတယ်…

တကယ်ကို ဝေးခဲ့ရရင်

မပျက်စီးသွားမဲ့ ငါ့အချစ်တွေကို

မင်းတစ်ယောက်အတွက်

နောင်ဘဝအထိ သယ်ဆောင်သွားမယ်

တကယ်တန်းဆိုရင် ....

တွေးကြည့်ရင် ပြည့်စုံဖို့ဆိုတာ

အဝေးကြီးမှာ လက်မလှမ်းနိုင်

ဒါပေမဲ့ ကြိုးစားစဲဘဝ

ဘာမှ ဖြစ်မလာသေးဘူးပေါ့

ခရောင်း လမ်းတွေ

ဖယောင်း လမ်းတွေ

ငါမသိဘူး…ငါသိတာ

အဖုအထစ်တွေ ဆူးခက်တွေ

တိုးတိုးကြိတ်နေတဲ့ လမ်းပဲ

ဒါပေမဲ့ ကြိုးစား လျှောက်စဲပဲ…

မိုးဆက်တွေနဲ့ အတူမျက်ရည်

ကြတဲ့အမှောင်ညတွေမှာ

အရက်တစ်လုံးက

ငါ့အတွက်အဖော်ကောင်းပဲ…

လက်ညှိုးထိုး လှောင်းရီသံတွေ

ကြားက အပြုံးရဲ့ရဲ့လေးပြန်ပြုံးရင်း

မနက်ဖြန်များစွာကို ကျော်ဖြတ်လို့

ကြိုးစားစဲပဲလေ…

မွှေးထဲက လူတိုင်းဘလာကြီးပါပဲ

တကယ်တန်းဆိုရင်…

မဖြစ်သေးခင် မအောင်မြင်သေးခင် အပြစ်မမြင်ကြရင် သိပ်ကောင်းမှာပဲ…..

Tuesday, November 2, 2010

သတိရပေးပါ

မနေချင်လို့ထွက်သွားပေမယ့်
နေခဲ့ဖူးတယ် ဆိုတာလေးတော့
သတိရပေးပါ...
မချစ်ချင်လို့ မေ့သွားပေမယ့်
ချစ်ခဲ့ဖူးတယ် ဆိုတာလေးတော့
သတိရပေးပါ...
မဆုံချင်လို့ လမ်းခွဲသွားပေမယ့်
ဆုံခဲ့ဖူးတယ် ဆိုတာလေးတော့
သတိရပေးပါ...
အကြောင်းကြောင်း ကြောင့်ဖြစ်စေ
တိုက်ဆိုင်မှု ကြောင့်ဖြစ်စေ
အမှတ်တမဲ့လေး ကြောင့်ဖြစ်စေ
တချိန်က ရင်ခုန်ခဲ့ဖူးတယ် ဆိုတာလေးတော့
သတိရသွားရင် ဆိုရင်ပဲ
ကျေနပ်လိုက်ပါမယ်.....