တွေးကြည့်ရင် ပြည့်စုံဖို့ဆိုတာ
အဝေးကြီးမှာ လက်မလှမ်းနိုင်
ဒါပေမဲ့ ကြိုးစားစဲဘဝ
ဘာမှ ဖြစ်မလာသေးဘူးပေါ့
ခရောင်း လမ်းတွေ
ဖယောင်း လမ်းတွေ
ငါမသိဘူး…ငါသိတာ
အဖုအထစ်တွေ ဆူးခက်တွေ
တိုးတိုးကြိတ်နေတဲ့ လမ်းပဲ
ဒါပေမဲ့ ကြိုးစား လျှောက်စဲပဲ…
မိုးဆက်တွေနဲ့ အတူမျက်ရည်
ကြတဲ့အမှောင်ညတွေမှာ
အရက်တစ်လုံးက
ငါ့အတွက်အဖော်ကောင်းပဲ…
လက်ညှိုးထိုး လှောင်းရီသံတွေ
ကြားက အပြုံးရဲ့ရဲ့လေးပြန်ပြုံးရင်း
မနက်ဖြန်များစွာကို ကျော်ဖြတ်လို့
ကြိုးစားစဲပဲလေ…
မွှေးထဲက လူတိုင်းဘလာကြီးပါပဲ
တကယ်တန်းဆိုရင်…
မဖြစ်သေးခင် မအောင်မြင်သေးခင် အပြစ်မမြင်ကြရင် သိပ်ကောင်းမှာပဲ…..
No comments:
Post a Comment