Tuesday, December 27, 2011

တကယ်လို့များ ...

ငါသိတယ်…ဝေးရမှာပါ

ရင်နစ်အောင် ခံစားရဦးမယ်

ဘယ်လို သီအိုရီတွေနဲ့ပဲတွက်တွက်

အဖြေမရတဲ့ ပုစ္ဆာလို…

အခြေမတူတဲ့ ဘဝနှစ်ခုကလည်း

ပေါင်းဖို့ဆိုတာ မလွယ်ပါ…

ငါသိတယ်…မဖြစ်နိုင်မှန်း

မင်းလည်း ငါ့စီမလာနိုင်

ငါလည်း မင်းစီမလာနိုင်ဘူး…

ဒါပေမဲ့ ကြိုးစားမိနေတယ်

မဖြစ်နိုင်တာတွေ ဖြစ်အောင်ပေါ့

ငါမျှော်လင့်မိနေသေးတယ်…

တကယ်ကို ဝေးခဲ့ရရင်

မပျက်စီးသွားမဲ့ ငါ့အချစ်တွေကို

မင်းတစ်ယောက်အတွက်

နောင်ဘဝအထိ သယ်ဆောင်သွားမယ်

No comments:

Post a Comment