မူးတဲ့ည
ရီဝေတဲ့ည
ယစ်မူးနေတဲ့သံစဉ်တွေကြား
ငါဟာအဖော်ကွဲ
လွမ်းမျတ်ရည်ဝဲခဲ့ရပေါ့... .
[နောက်တစ်ခွက်]
နင်စွန့် ခဲ့တဲ့ဘဝ
ဒဏ်ယာပလပွနဲ့ 
လွမ်းချင်းတွေထုတ်
ငါခုထိအငိုမတိတ်ခဲ့ဘူး.... ...
[နောက်တစ်ခွက်]
အဆိုးဆုံးပဲ
နာကျင်တဲ့သီချင်း
ရင်ဝယ်ဆိုငြီးရင်း
သံစဉ်ချိုးဖောက်
[ဒေါက်]
ဘယ်ညာယိုင်ထိုး
ဂစ်တာကြိုးပျက်တောင်မှ
ငါနင့်ကိုမမေ့ခဲ့ပါဘူးအချစ်ရယ်. ....ကဲ
[နောက်တစ်လုံး]
လေါကကြီးရေ သင်နဲ့ ငါ
ဒီညတော့ ကောင်းကောင်းမူးကြပြီပေါ့...... ...
No comments:
Post a Comment