ဘဝနှစ်ခု ပေါင်းစည်းဖို့
အချစ်တစ်ခုထဲနဲ့ မဖြစ်နိုင်တာ
နှလုံးသားနဲ့ရင်းမှ သိခဲ့တယ်...
အခုတော့ နားလည်သွားပြီ
အချစ်ဆိုတာ အပေါ်ယံ
စကားလုံးလေးပါပဲလား....
ဘယ်လောက်ပဲ (ချစ်တယ်)၂
ပြောခဲ့လည်း တကယ်တန်းကျတော့
အချစ်တစ်ခုထဲ မဟုတ်ပါကလား....
အရာရာကို နှိုင်းယှဉ်
အရာရာကို တွက်ချက်
အရာရာကို တွေးတောလာတယ်....
အဲချိန်မှာ အချစ်ဆိုတာ
မြူမှုန်လေးလောက်ပါ....
အချစ်ကို အလေးအနက်
အချစ်ကို တန်ဖိုးထားတာ
အပြောသက်သက်လား....
နောက်ဆုံးကျတော့
အရောင်တွေကို ဖုံးကွယ်ပေးတဲ့
အဖြူရောင်လေး ဟာ အချစ်ပါ....
အချစ်ကို လှန်မကြည့်နဲ့
ရင်ကို ခွဲမဲ့ အရောင်ထက်ထက်တွေ
ခုန်ထွက်လာမယ်....။ ။
No comments:
Post a Comment