Sunday, June 27, 2010

ဖက်ခဲ့ဖူးသော ကဗျာ လေးတပုဒ်

သူ
လျှောက်လာခဲ့တယ်....
ကိုရောစိတ်ရော နွမ်းနွမ်းကြေကြေနဲ့
အကျွမ်းမ၀င်တဲ့ ညနေရီမှာ...
နေရောက်ကလည်းစိမ်းနေသလားထင်ရတယ်.
ရှေ့ကိုလှမ်းကြည့်တော့
ဖြူရော်ရော်လမ်းကလေး
ဘယ်ကွေ့ရာက ညာကိုကောက်နဲ့
သြော်...
ဘယ်ကိုများရောက်ပါလိမ့်၊ရောက်မှာပါလိမ့်
လို့ တွေးရင်း တွေးရင်း...
မရေမရာ
ဇဝေဇ၀ါနဲ့ သွားရမယ့် ခရီးရဲ့
မသေချာတဲ့ ဝေဒနာကို ရင်မှာခံစားလာရတယ်
အဲ့ဒီတုန်းက သူ့ကိုပြောဖူးပါတယ်.
ဘယ်ရောက်လဲသိအောင်ဆက်ရှောက်လို့..
ဆက်ရှောက်ကြည့်လိုက်ပါလားလို့......

မိုက်မိုက်

No comments:

Post a Comment