Saturday, June 12, 2010

မင်းသိစေဖို့

ပေးဆပ်ခြင်းတွေနဲ့ ချစ်ခဲ့စဉ်က..
ရင်မှာကြည်နူးခြင်း တွေကို
ပိတိအဖြစ်ဂုဏ်ယူ မင်းအချစ်ကို
စံပြအဖြစ်နဲ့ ဝံ့ကြွားခဲ့ဘူးတယ်......
ရယူခြင်း ဆိုတာ
ဘယ်လို ချစ်ခြင်းမျိုးလဲ....
ငါ့မှာတော့ ဒဏ်ရာတွေနဲ့
ရင်မှာ ပိုက်...
မှောင်မိုက်မှာ တွေဝေနေခဲ့ရပြီ.....
လကွယ်ည တွေဆို...
ရင်ထဲက အပူတွေကို
ကြည်နူးခြင်းတွေ အဖြစ်နဲ့
ဟန်မဆောင် နိုင်ခဲ့ပြီ.....
ကြယ်တွေကြွေတဲ့ နေ့မှာလဲ..
ငါ့အတွက် ကြည်းနူးစရာတွေကို
မပေးနိုင်တော့ပြီ.....
အခုတော့ ကြွေကွဲခြင်းတွေနဲ့ပေါ့...

No comments:

Post a Comment