လသာပြီး ကြယ်မခတဲ့ည
သွေးအေးစွာ မရယ်တတ်တဲ့ဘဝနဲ့
ဘယ်လိုများ ခရီးထွင်ရဦးမလဲ
ငါ့ရင်ဘတ်က မာကျောလွန်းလို့
ပန်းတွေပွင့်တဲ့ မြို့က တောင်
တယူသန်အနမ်းတွေ မပေးခဲ့တာတဲ့လား...
ငါးတစ်ကောင်လို ပြုံးကြည့်လို့မရတဲ့ကောင်ပါ
ယုန်ထောင်ကြောင်မိတဲ့ကျော့ကွင်း မှာ
အသားမစားတဲ့ မုဆိုး ရှိဦးမလားကွဲ့
ဒဏ်ရာဆိုတာမျိုးက သွေးအေးလေ နာကျင်လေပါပဲ
(..............)ရေ
အဖြူရောင်အိပ်မက်တွေ နိးထတိုင်း
ဝှက်ဖဲတစ်ချပ်နဲ့ ရှုံးတဲ့ပွဲက
မြစ်ရေလို ဆက်ဆက်ရှည်
ဂစ်တာကြိုးတွေ တီးလွန်းလို့ ရိပဲ့ပဲ့နဲ့
အနမ်းတွေ ဆာလောင်တိုင်း
နင့်ကို အရိုးကွဲအောင် လွမ်းခဲ့တာ
.....အနှစ်(၂၅).......
(သူငယ်ချင်းမိုက်မိုက်အတွက်)
No comments:
Post a Comment