Saturday, June 12, 2010

အမှောင်ဘဝရဲ့အဖော်

ညဘက်မှ အစားရှာတဲ့
ငှက်...
ညဘက်မှ မွှေးတဲ့
ပန်း...
ညဘက်မှ လင်းတဲ့
လမင်း နဲ့ ကြယ်လေးတွေ ...
သူတို့က ဘဝတူတွေလား....
ဒါက သဘာဝပေးတဲ့ ဘဝ
ငါက ရော...ဘာထူးလဲ..
ညဘက်မှ အလုပ်လုပ်
နေ့ဘက် ဆို အိပ်..
ဘယ်မှာ လဲ နေ့ခင်းဘက်ရဲ့
အလှတရားတွေ..
မမြင်တာ ကြာခံပေါ့
မြင်လျှက်နဲ့ ကန်းနေတဲ့
အမှောင် ဘဝ
ကံကြမ္မာက ပေးတဲ့ ဘဝလား..
ဘယ်မှာလဲ တစ်လူယောက်ရဲ့
တစ်နေ့တာ ..
ငါ့အတွက်တော့
တစ်ညတာ လား...
လူတွေပြော တဲ့
နေရောင်ခြည်အောက်က
အလှတရားတွေ...
ဘယ်မှာ လဲ...
ငါမမြင်နိုင်သေးဘူး...
ငါမြင်တာ သန်းခေါင်ယံရဲ့
အလှတရား...
တိတ်ဆိတ်နေတဲ့ ညချမ်းမှာ
ညငှက် ရဲ့ တောင်ပျံခတ်သံ
လေနုကြမ်းလေး နဲ့အတူ
မျောပါလာ တဲ့
ညပန်းလေးရဲ့ ရနံ
မှောင်ကို ထိုးဖေါက်
အလင်းပေး တဲ့
လမင်း နဲ့ ကြယ်တွေ...
ဒါတွေ ဟာ
ငါဘဝ အတွက်တော့...
စိတ်ဖြေစရာ..
ဘဝအဖော် တွေဆိုလည်း
မမှားဘူးပေါ့......

No comments:

Post a Comment