ချစ်သူရေ........
ငါကတော့ မင်းကိုချစ်ခဲ့ပင်မယ့်
မင်းကတော့ ငါကိုပစ်ခဲ့တယ်။
ချစ်သူရေ.....
ငါကတော့ အသက်တွေပေးခဲ့ပေမယ့်
မင်းကတော့ ငါ့ကို အရှက်တွေပေးခဲ့တယ်
ချစ်သူရေ...
ချစ်သူရဲ့ ဘ၀ကို
ငါကတော့ အချစ်တွေနဲ့တည်ဆောက်ခဲပေမယ့်
မင်းကတော့ အပြစ်တွေနဲ့ချေပေါက်ခဲ့တယ်
ချစ်သူရေ...
ချစ်သူရဲ့ဘ၀ကိုနုတ်ဆက်ဖို့
ငါ့မှာတော့ အသည်းတွေကွဲခဲ့ပေမယ်
မင်းကတော့ အခြားသူနဲ့ အကဲတွေသည်းခဲ့တယ်
ချစ်သူရေ...
ချစ်သူဘ၀ကို
ငါကနုတ်ဆက်တော့ မင်းကလုပ်ရက်တယ်တဲ့
မပြုံးဖြစ်အောင် ဖုံးထားတဲ့
ငါ့ရဲ့ရိသဲသဲအပြုံးတွေကို
မင်းကို မမြင်စေချင်ဘူး
မာယာတွေချယ်သလို့
တယ်လှတဲ့ မင်းရဲ့ မျက်နှာကို
ရယ်ရအောင်တစ်ခုတော့ ပြောလိုက်မယ်
တယ်.....မိုက်တယ်ကွာ
No comments:
Post a Comment