Tuesday, November 2, 2010
Sunday, July 11, 2010
အချစ်ဆုတောင်း
အချစ်
ဆုံးရှူံးခြင်းဟာ ရယူခြင်းရဲ့ အသွင်တစ်မျိုးလို့ ဆိုခဲ့ကြတယ်
ကိုမင်းကို ပေးဆက်ခဲ့ရတဲ့
ချစ်မေတ္တာအကြင်နာတွေ
ဂရုစိုက်ယုယမှုတွေ
အစိုးရိမ်ပိုကြောင့်ကြမှုတွေ
အလိုတော်တိုင်း ဖြည့်ဆည်းမှုတွေ
ဒါတွေအားလုံး
မင်းရဲ့မေတ္တာကို ခံယူဖို့
အသွင်တစ်မျိုးနဲ့ ကိုပေးဆပ် ခဲ့ပါတယ်
မေတ္တာမှန်ရင် တုံ့ပြန်ပါစေကွယ်...
ဆုံးရှူံးခြင်းဟာ ရယူခြင်းရဲ့ အသွင်တစ်မျိုးလို့ ဆိုခဲ့ကြတယ်
ကိုမင်းကို ပေးဆက်ခဲ့ရတဲ့
ချစ်မေတ္တာအကြင်နာတွေ
ဂရုစိုက်ယုယမှုတွေ
အစိုးရိမ်ပိုကြောင့်ကြမှုတွေ
အလိုတော်တိုင်း ဖြည့်ဆည်းမှုတွေ
ဒါတွေအားလုံး
မင်းရဲ့မေတ္တာကို ခံယူဖို့
အသွင်တစ်မျိုးနဲ့ ကိုပေးဆပ် ခဲ့ပါတယ်
မေတ္တာမှန်ရင် တုံ့ပြန်ပါစေကွယ်...
Sunday, June 27, 2010
ဖက်ခဲ့ဖူးသော ကဗျာ လေးတပုဒ်
သူ
လျှောက်လာခဲ့တယ်....
ကိုရောစိတ်ရော နွမ်းနွမ်းကြေကြေနဲ့
အကျွမ်းမ၀င်တဲ့ ညနေရီမှာ...
နေရောက်ကလည်းစိမ်းနေသလားထင်ရတယ်.
ရှေ့ကိုလှမ်းကြည့်တော့
ဖြူရော်ရော်လမ်းကလေး
ဘယ်ကွေ့ရာက ညာကိုကောက်နဲ့
သြော်...
ဘယ်ကိုများရောက်ပါလိမ့်၊ရောက်မှာပါလိမ့်
လို့ တွေးရင်း တွေးရင်း...
မရေမရာ
ဇဝေဇ၀ါနဲ့ သွားရမယ့် ခရီးရဲ့
မသေချာတဲ့ ဝေဒနာကို ရင်မှာခံစားလာရတယ်
အဲ့ဒီတုန်းက သူ့ကိုပြောဖူးပါတယ်.
ဘယ်ရောက်လဲသိအောင်ဆက်ရှောက်လို့..
ဆက်ရှောက်ကြည့်လိုက်ပါလားလို့......
မိုက်မိုက်
လျှောက်လာခဲ့တယ်....
ကိုရောစိတ်ရော နွမ်းနွမ်းကြေကြေနဲ့
အကျွမ်းမ၀င်တဲ့ ညနေရီမှာ...
နေရောက်ကလည်းစိမ်းနေသလားထင်ရတယ်.
ရှေ့ကိုလှမ်းကြည့်တော့
ဖြူရော်ရော်လမ်းကလေး
ဘယ်ကွေ့ရာက ညာကိုကောက်နဲ့
သြော်...
ဘယ်ကိုများရောက်ပါလိမ့်၊ရောက်မှာပါလိမ့်
လို့ တွေးရင်း တွေးရင်း...
မရေမရာ
ဇဝေဇ၀ါနဲ့ သွားရမယ့် ခရီးရဲ့
မသေချာတဲ့ ဝေဒနာကို ရင်မှာခံစားလာရတယ်
အဲ့ဒီတုန်းက သူ့ကိုပြောဖူးပါတယ်.
ဘယ်ရောက်လဲသိအောင်ဆက်ရှောက်လို့..
ဆက်ရှောက်ကြည့်လိုက်ပါလားလို့......
မိုက်မိုက်
Monday, June 21, 2010
ပျံသန်းရင်နဲ့သေမယ်
အတောင်တွေညောင်းလို့
စုတ်ပြတ်သက်နေပါစေ
လေဆန်ကို ပျံလို့
ရှိသမျှအားနဲ့
နောက်ဆုံးချိန်ထိ ပျံနေမယ်...
ဘေးမှာ မရှိတဲ့ ကြင်ဖော် ကိုလွမ်းလို့
စောင့်မနေနိုင် တဲ့ ဘ၀တွေ မှာ
ငါ.....
ပျံသန်းရင်းသေမယ်.........
မိုက်မိုက်
စုတ်ပြတ်သက်နေပါစေ
လေဆန်ကို ပျံလို့
ရှိသမျှအားနဲ့
နောက်ဆုံးချိန်ထိ ပျံနေမယ်...
ဘေးမှာ မရှိတဲ့ ကြင်ဖော် ကိုလွမ်းလို့
စောင့်မနေနိုင် တဲ့ ဘ၀တွေ မှာ
ငါ.....
ပျံသန်းရင်းသေမယ်.........
မိုက်မိုက်
Saturday, June 12, 2010
ချစ်လျှက်နဲ့ဝေး
တကယ်တန်းဝေးရတော့မှ
ငါ...မင်းကို ချစ်တာပိုသိသာလာတယ်...
နောက်ဆုံး ချိန်လေးမှာ
ငါ...မင်းမျက်နှာလေး ကြည့်မဝခဲ့ပါ...
လက်ပြနုတ်ဆက် တော့မှ
ငါ...မျက်ရည်တွေ
အမိန့်မပေးဘဲ ကျခဲ့ရတယ်..
အကြောင်းကြောင်း ကြောင့်...
ဝေးရပေမဲ့ ငါတကယ်
မင်းနဲ့ မဝေးချင်ဘူး...
အရင်က မင်းတဖွဖွပြောတဲ့
စကားလေးတွေ...
ငါဘယ်ချိန်မှ ပြန်ကြားနိုင်မှာလဲ...
တချိန်ပြန်ဆုံမှာပါ လို့
ငါမျှော်လင့်နေမှာပါ...
ရင်မှာ နေရာ အပြည့်ယူတဲ့
မင်းကို ဝေးနေရမဲ့နေ့ရက်တွေကို
ငါဘယ်လိုကျော်ဖြစ်ရမလဲ...
ချစ်လျှက် နဲ့ ဝေးရတဲ့ ဒုက္ခ
ဘယ်သူခံစား နိုင်မှာလဲ
ပုထုစဉ်ထဲက ပုထုစဉ်
ငါလဲ အပါအဝင်မို့
မခံစား နိုင်ဘူး ချစ်သူရယ်...
ငါ...မင်းကို ချစ်တာပိုသိသာလာတယ်...
နောက်ဆုံး ချိန်လေးမှာ
ငါ...မင်းမျက်နှာလေး ကြည့်မဝခဲ့ပါ...
လက်ပြနုတ်ဆက် တော့မှ
ငါ...မျက်ရည်တွေ
အမိန့်မပေးဘဲ ကျခဲ့ရတယ်..
အကြောင်းကြောင်း ကြောင့်...
ဝေးရပေမဲ့ ငါတကယ်
မင်းနဲ့ မဝေးချင်ဘူး...
အရင်က မင်းတဖွဖွပြောတဲ့
စကားလေးတွေ...
ငါဘယ်ချိန်မှ ပြန်ကြားနိုင်မှာလဲ...
တချိန်ပြန်ဆုံမှာပါ လို့
ငါမျှော်လင့်နေမှာပါ...
ရင်မှာ နေရာ အပြည့်ယူတဲ့
မင်းကို ဝေးနေရမဲ့နေ့ရက်တွေကို
ငါဘယ်လိုကျော်ဖြစ်ရမလဲ...
ချစ်လျှက် နဲ့ ဝေးရတဲ့ ဒုက္ခ
ဘယ်သူခံစား နိုင်မှာလဲ
ပုထုစဉ်ထဲက ပုထုစဉ်
ငါလဲ အပါအဝင်မို့
မခံစား နိုင်ဘူး ချစ်သူရယ်...
မူးတဲ့ည
ရီဝေတဲ့ည
ယစ်မူးနေတဲ့သံစဉ်တွေကြား
ငါဟာအဖော်ကွဲ
လွမ်းမျတ်ရည်ဝဲခဲ့ရပေါ့... .
[နောက်တစ်ခွက်]
နင်စွန့် ခဲ့တဲ့ဘဝ
ဒဏ်ယာပလပွနဲ့ 
လွမ်းချင်းတွေထုတ်
ငါခုထိအငိုမတိတ်ခဲ့ဘူး.... ...
[နောက်တစ်ခွက်]
အဆိုးဆုံးပဲ
နာကျင်တဲ့သီချင်း
ရင်ဝယ်ဆိုငြီးရင်း
သံစဉ်ချိုးဖောက်
[ဒေါက်]
ဘယ်ညာယိုင်ထိုး
ဂစ်တာကြိုးပျက်တောင်မှ
ငါနင့်ကိုမမေ့ခဲ့ပါဘူးအချစ်ရယ်. ....ကဲ
[နောက်တစ်လုံး]
လေါကကြီးရေ သင်နဲ့ ငါ
ဒီညတော့ ကောင်းကောင်းမူးကြပြီပေါ့...... ...
အမှောင်ဘဝရဲ့အဖော်
ညဘက်မှ အစားရှာတဲ့
ငှက်...
ညဘက်မှ မွှေးတဲ့
ပန်း...
ညဘက်မှ လင်းတဲ့
လမင်း နဲ့ ကြယ်လေးတွေ ...
သူတို့က ဘဝတူတွေလား....
ဒါက သဘာဝပေးတဲ့ ဘဝ
ငါက ရော...ဘာထူးလဲ..
ညဘက်မှ အလုပ်လုပ်
နေ့ဘက် ဆို အိပ်..
ဘယ်မှာ လဲ နေ့ခင်းဘက်ရဲ့
အလှတရားတွေ..
မမြင်တာ ကြာခံပေါ့
မြင်လျှက်နဲ့ ကန်းနေတဲ့
အမှောင် ဘဝ
ကံကြမ္မာက ပေးတဲ့ ဘဝလား..
ဘယ်မှာလဲ တစ်လူယောက်ရဲ့
တစ်နေ့တာ ..
ငါ့အတွက်တော့
တစ်ညတာ လား...
လူတွေပြော တဲ့
နေရောင်ခြည်အောက်က
အလှတရားတွေ...
ဘယ်မှာ လဲ...
ငါမမြင်နိုင်သေးဘူး...
ငါမြင်တာ သန်းခေါင်ယံရဲ့
အလှတရား...
တိတ်ဆိတ်နေတဲ့ ညချမ်းမှာ
ညငှက် ရဲ့ တောင်ပျံခတ်သံ
လေနုကြမ်းလေး နဲ့အတူ
မျောပါလာ တဲ့
ညပန်းလေးရဲ့ ရနံ
မှောင်ကို ထိုးဖေါက်
အလင်းပေး တဲ့
လမင်း နဲ့ ကြယ်တွေ...
ဒါတွေ ဟာ
ငါဘဝ အတွက်တော့...
စိတ်ဖြေစရာ..
ဘဝအဖော် တွေဆိုလည်း
မမှားဘူးပေါ့......
ငှက်...
ညဘက်မှ မွှေးတဲ့
ပန်း...
ညဘက်မှ လင်းတဲ့
လမင်း နဲ့ ကြယ်လေးတွေ ...
သူတို့က ဘဝတူတွေလား....
ဒါက သဘာဝပေးတဲ့ ဘဝ
ငါက ရော...ဘာထူးလဲ..
ညဘက်မှ အလုပ်လုပ်
နေ့ဘက် ဆို အိပ်..
ဘယ်မှာ လဲ နေ့ခင်းဘက်ရဲ့
အလှတရားတွေ..
မမြင်တာ ကြာခံပေါ့
မြင်လျှက်နဲ့ ကန်းနေတဲ့
အမှောင် ဘဝ
ကံကြမ္မာက ပေးတဲ့ ဘဝလား..
ဘယ်မှာလဲ တစ်လူယောက်ရဲ့
တစ်နေ့တာ ..
ငါ့အတွက်တော့
တစ်ညတာ လား...
လူတွေပြော တဲ့
နေရောင်ခြည်အောက်က
အလှတရားတွေ...
ဘယ်မှာ လဲ...
ငါမမြင်နိုင်သေးဘူး...
ငါမြင်တာ သန်းခေါင်ယံရဲ့
အလှတရား...
တိတ်ဆိတ်နေတဲ့ ညချမ်းမှာ
ညငှက် ရဲ့ တောင်ပျံခတ်သံ
လေနုကြမ်းလေး နဲ့အတူ
မျောပါလာ တဲ့
ညပန်းလေးရဲ့ ရနံ
မှောင်ကို ထိုးဖေါက်
အလင်းပေး တဲ့
လမင်း နဲ့ ကြယ်တွေ...
ဒါတွေ ဟာ
ငါဘဝ အတွက်တော့...
စိတ်ဖြေစရာ..
ဘဝအဖော် တွေဆိုလည်း
မမှားဘူးပေါ့......
တယ်မိုက်တယ်ကွာ
ချစ်သူရေ........
ငါကတော့ မင်းကိုချစ်ခဲ့ပင်မယ့်
မင်းကတော့ ငါကိုပစ်ခဲ့တယ်။
ချစ်သူရေ.....
ငါကတော့ အသက်တွေပေးခဲ့ပေမယ့်
မင်းကတော့ ငါ့ကို အရှက်တွေပေးခဲ့တယ်
ချစ်သူရေ...
ချစ်သူရဲ့ ဘ၀ကို
ငါကတော့ အချစ်တွေနဲ့တည်ဆောက်ခဲပေမယ့်
မင်းကတော့ အပြစ်တွေနဲ့ချေပေါက်ခဲ့တယ်
ချစ်သူရေ...
ချစ်သူရဲ့ဘ၀ကိုနုတ်ဆက်ဖို့
ငါ့မှာတော့ အသည်းတွေကွဲခဲ့ပေမယ်
မင်းကတော့ အခြားသူနဲ့ အကဲတွေသည်းခဲ့တယ်
ချစ်သူရေ...
ချစ်သူဘ၀ကို
ငါကနုတ်ဆက်တော့ မင်းကလုပ်ရက်တယ်တဲ့
မပြုံးဖြစ်အောင် ဖုံးထားတဲ့
ငါ့ရဲ့ရိသဲသဲအပြုံးတွေကို
မင်းကို မမြင်စေချင်ဘူး
မာယာတွေချယ်သလို့
တယ်လှတဲ့ မင်းရဲ့ မျက်နှာကို
ရယ်ရအောင်တစ်ခုတော့ ပြောလိုက်မယ်
တယ်.....မိုက်တယ်ကွာ
ငါကတော့ မင်းကိုချစ်ခဲ့ပင်မယ့်
မင်းကတော့ ငါကိုပစ်ခဲ့တယ်။
ချစ်သူရေ.....
ငါကတော့ အသက်တွေပေးခဲ့ပေမယ့်
မင်းကတော့ ငါ့ကို အရှက်တွေပေးခဲ့တယ်
ချစ်သူရေ...
ချစ်သူရဲ့ ဘ၀ကို
ငါကတော့ အချစ်တွေနဲ့တည်ဆောက်ခဲပေမယ့်
မင်းကတော့ အပြစ်တွေနဲ့ချေပေါက်ခဲ့တယ်
ချစ်သူရေ...
ချစ်သူရဲ့ဘ၀ကိုနုတ်ဆက်ဖို့
ငါ့မှာတော့ အသည်းတွေကွဲခဲ့ပေမယ်
မင်းကတော့ အခြားသူနဲ့ အကဲတွေသည်းခဲ့တယ်
ချစ်သူရေ...
ချစ်သူဘ၀ကို
ငါကနုတ်ဆက်တော့ မင်းကလုပ်ရက်တယ်တဲ့
မပြုံးဖြစ်အောင် ဖုံးထားတဲ့
ငါ့ရဲ့ရိသဲသဲအပြုံးတွေကို
မင်းကို မမြင်စေချင်ဘူး
မာယာတွေချယ်သလို့
တယ်လှတဲ့ မင်းရဲ့ မျက်နှာကို
ရယ်ရအောင်တစ်ခုတော့ ပြောလိုက်မယ်
တယ်.....မိုက်တယ်ကွာ
တစ်ခန်းရပ်

မင်းသမီးခေါင်းဆောင်းထားတဲ့ 
ဘီးလူးလား...
ဘီးလူးခေါင်းဆောင်းထားတဲ့
မင်းသမီးလား...
ဘာပဲဖြစ်ဖြစ်ပေါ့
ခဏတာ ပျော်ရွှင်မှု့ပေးတဲ့
မင်း ကို ...
ကျေးဇူးတင်တယ်...
အမှတ်တမဲ့ က
အမှတ်တရဖြစ်ခဲ့တယ်...
တချိန်ကြရင်တော့
အမှတ်တရ က
အမှတ်တမဲ့ ဖြစ်သွားနိုင်တယ်...
အသစ်က ပြန်စ ရင်
အဟောင်းတွေ မေ့တာ
သဘာဝပါလေ...
ဒါပေမဲ့...
အရင်ချိန်တွေ နှမျောမိတယ်...
လွမ်းတော့ မလွမ်းဘူး
ခံစားရ ယုံလေးသက်သက်ပေါ့
ရသ စုံတဲ့ မင်းရဲ့
တခန်းရပ် ပြဇာတ်မှာ
ငါ နစ်မျောခဲ့တာ အမှန်ပဲ
ပြဇာတ် ပြီးလို့
နုတ်ဆက်တော့မှ
ငါ နောင်တရ မိတယ်...
ဘီးလူးလား...
ဘီးလူးခေါင်းဆောင်းထားတဲ့
မင်းသမီးလား...
ဘာပဲဖြစ်ဖြစ်ပေါ့
ခဏတာ ပျော်ရွှင်မှု့ပေးတဲ့
မင်း ကို ...
ကျေးဇူးတင်တယ်...
အမှတ်တမဲ့ က
အမှတ်တရဖြစ်ခဲ့တယ်...
တချိန်ကြရင်တော့
အမှတ်တရ က
အမှတ်တမဲ့ ဖြစ်သွားနိုင်တယ်...
အသစ်က ပြန်စ ရင်
အဟောင်းတွေ မေ့တာ
သဘာဝပါလေ...
ဒါပေမဲ့...
အရင်ချိန်တွေ နှမျောမိတယ်...
လွမ်းတော့ မလွမ်းဘူး
ခံစားရ ယုံလေးသက်သက်ပေါ့
ရသ စုံတဲ့ မင်းရဲ့
တခန်းရပ် ပြဇာတ်မှာ
ငါ နစ်မျောခဲ့တာ အမှန်ပဲ
ပြဇာတ် ပြီးလို့
နုတ်ဆက်တော့မှ
ငါ နောင်တရ မိတယ်...
ငါ

ငါ မငိုဘူး...
မျက်ရည်တော့ကျဖြစ်တယ်
ငါအသဲမကွဲဘူး..
ရင်ထဲမှာတော့ အောက်သက်သက်
ငါ မလွမ်းဘူး...
တစ်ခုခုတော့ တောင်းတမိတယ်
ငါ မရှုံးဘူး...
ခေါင်းငိုက်စိုက်တော့ ဖြစ်နေတယ်
ငါ မမှားဘူး...
နောင်တတော့ ရမိတယ်
ငါ အပြစ်မဟုတ်ဘူး..
ဒဏ်ပေးတာတော့ ခံရတယ်
ငါ မမုန်းမိဘူး...
စိတ်တော့ နာမိတယ်
ငါ ခွင့်မလွှတ်ဘူး...
အားတော့ နာမိတယ်
နောက်ဆုံးတော့..
ငါ ဟာ ငါ ပဲ ပေါ့...
မျက်ရည်တော့ကျဖြစ်တယ်
ငါအသဲမကွဲဘူး..
ရင်ထဲမှာတော့ အောက်သက်သက်
ငါ မလွမ်းဘူး...
တစ်ခုခုတော့ တောင်းတမိတယ်
ငါ မရှုံးဘူး...
ခေါင်းငိုက်စိုက်တော့ ဖြစ်နေတယ်
ငါ မမှားဘူး...
နောင်တတော့ ရမိတယ်
ငါ အပြစ်မဟုတ်ဘူး..
ဒဏ်ပေးတာတော့ ခံရတယ်
ငါ မမုန်းမိဘူး...
စိတ်တော့ နာမိတယ်
ငါ ခွင့်မလွှတ်ဘူး...
အားတော့ နာမိတယ်
နောက်ဆုံးတော့..
ငါ ဟာ ငါ ပဲ ပေါ့...
မင်းသိစေဖို့
ပေးဆပ်ခြင်းတွေနဲ့ ချစ်ခဲ့စဉ်က..
ရင်မှာကြည်နူးခြင်း တွေကို
ပိတိအဖြစ်ဂုဏ်ယူ မင်းအချစ်ကို
စံပြအဖြစ်နဲ့ ဝံ့ကြွားခဲ့ဘူးတယ်......
ရယူခြင်း ဆိုတာ
ဘယ်လို ချစ်ခြင်းမျိုးလဲ....
ငါ့မှာတော့ ဒဏ်ရာတွေနဲ့
ရင်မှာ ပိုက်...
မှောင်မိုက်မှာ တွေဝေနေခဲ့ရပြီ.....
လကွယ်ည တွေဆို...
ရင်ထဲက အပူတွေကို
ကြည်နူးခြင်းတွေ အဖြစ်နဲ့
ဟန်မဆောင် နိုင်ခဲ့ပြီ.....
ကြယ်တွေကြွေတဲ့ နေ့မှာလဲ..
ငါ့အတွက် ကြည်းနူးစရာတွေကို
မပေးနိုင်တော့ပြီ.....
အခုတော့ ကြွေကွဲခြင်းတွေနဲ့ပေါ့...
ရင်မှာကြည်နူးခြင်း တွေကို
ပိတိအဖြစ်ဂုဏ်ယူ မင်းအချစ်ကို
စံပြအဖြစ်နဲ့ ဝံ့ကြွားခဲ့ဘူးတယ်......
ရယူခြင်း ဆိုတာ
ဘယ်လို ချစ်ခြင်းမျိုးလဲ....
ငါ့မှာတော့ ဒဏ်ရာတွေနဲ့
ရင်မှာ ပိုက်...
မှောင်မိုက်မှာ တွေဝေနေခဲ့ရပြီ.....
လကွယ်ည တွေဆို...
ရင်ထဲက အပူတွေကို
ကြည်နူးခြင်းတွေ အဖြစ်နဲ့
ဟန်မဆောင် နိုင်ခဲ့ပြီ.....
ကြယ်တွေကြွေတဲ့ နေ့မှာလဲ..
ငါ့အတွက် ကြည်းနူးစရာတွေကို
မပေးနိုင်တော့ပြီ.....
အခုတော့ ကြွေကွဲခြင်းတွေနဲ့ပေါ့...
အလွမ်း
လသာပြီး ကြယ်မခတဲ့ည
သွေးအေးစွာ မရယ်တတ်တဲ့ဘဝနဲ့
ဘယ်လိုများ ခရီးထွင်ရဦးမလဲ
ငါ့ရင်ဘတ်က မာကျောလွန်းလို့
ပန်းတွေပွင့်တဲ့ မြို့က တောင်
တယူသန်အနမ်းတွေ မပေးခဲ့တာတဲ့လား...
ငါးတစ်ကောင်လို ပြုံးကြည့်လို့မရတဲ့ကောင်ပါ
ယုန်ထောင်ကြောင်မိတဲ့ကျော့ကွင်း မှာ
အသားမစားတဲ့ မုဆိုး ရှိဦးမလားကွဲ့
ဒဏ်ရာဆိုတာမျိုးက သွေးအေးလေ နာကျင်လေပါပဲ
(..............)ရေ
အဖြူရောင်အိပ်မက်တွေ နိးထတိုင်း
ဝှက်ဖဲတစ်ချပ်နဲ့ ရှုံးတဲ့ပွဲက
မြစ်ရေလို ဆက်ဆက်ရှည်
ဂစ်တာကြိုးတွေ တီးလွန်းလို့ ရိပဲ့ပဲ့နဲ့
အနမ်းတွေ ဆာလောင်တိုင်း
နင့်ကို အရိုးကွဲအောင် လွမ်းခဲ့တာ
.....အနှစ်(၂၅).......
(သူငယ်ချင်းမိုက်မိုက်အတွက်)
သွေးအေးစွာ မရယ်တတ်တဲ့ဘဝနဲ့
ဘယ်လိုများ ခရီးထွင်ရဦးမလဲ
ငါ့ရင်ဘတ်က မာကျောလွန်းလို့
ပန်းတွေပွင့်တဲ့ မြို့က တောင်
တယူသန်အနမ်းတွေ မပေးခဲ့တာတဲ့လား...
ငါးတစ်ကောင်လို ပြုံးကြည့်လို့မရတဲ့ကောင်ပါ
ယုန်ထောင်ကြောင်မိတဲ့ကျော့ကွင်း မှာ
အသားမစားတဲ့ မုဆိုး ရှိဦးမလားကွဲ့
ဒဏ်ရာဆိုတာမျိုးက သွေးအေးလေ နာကျင်လေပါပဲ
(..............)ရေ
အဖြူရောင်အိပ်မက်တွေ နိးထတိုင်း
ဝှက်ဖဲတစ်ချပ်နဲ့ ရှုံးတဲ့ပွဲက
မြစ်ရေလို ဆက်ဆက်ရှည်
ဂစ်တာကြိုးတွေ တီးလွန်းလို့ ရိပဲ့ပဲ့နဲ့
အနမ်းတွေ ဆာလောင်တိုင်း
နင့်ကို အရိုးကွဲအောင် လွမ်းခဲ့တာ
.....အနှစ်(၂၅).......
(သူငယ်ချင်းမိုက်မိုက်အတွက်)
အယူခံအချစ်
တစ်နှစ်ကူးပြီမို့
ပုရစ်ဖူးတွေဝေပြီလေ
ဟို...ဒီအတွေးစတွေနဲ့
ဝေးခဲ့တာတောင် ကြာပြီပေါ့
မေ့မရတဲ့ သံယောဇဉ်
နှောင်ကြိုးတွေကြောင့်
မလွဲသာ ခွဲခွာလာရပေမဲ့
အရိပ်ပမာ စိုးမိုး
မင်းရဲ့ အကြင်နာမိုးစက်တွေ
ခန်းခြောက်မှာစိုး
သစ္စာကို သက်သေတည်
မျက်ရည်ကို သက်သေပြ
အကြင်နာကို ရှေ့နေထား
မေတ္တာကို တိုင်တည်
ဒီဘဝမှာ ခုံရုံးတစ်ခု
ချစ်မုန်းပြိုင်ပွဲ တရားခွင်
ကံကြမ္မာ တရားရှင်က
နှလုံးသားကို တရားခံအဖြစ်နဲ့
"အရှုံးသမားလို့"
ဆုံးဖြတ်လိုက်တာက
မျှတမှု ရှိကြသေးရဲ့လား.......ဗျာ။ ။
ပုရစ်ဖူးတွေဝေပြီလေ
ဟို...ဒီအတွေးစတွေနဲ့
ဝေးခဲ့တာတောင် ကြာပြီပေါ့
မေ့မရတဲ့ သံယောဇဉ်
နှောင်ကြိုးတွေကြောင့်
မလွဲသာ ခွဲခွာလာရပေမဲ့
အရိပ်ပမာ စိုးမိုး
မင်းရဲ့ အကြင်နာမိုးစက်တွေ
ခန်းခြောက်မှာစိုး
သစ္စာကို သက်သေတည်
မျက်ရည်ကို သက်သေပြ
အကြင်နာကို ရှေ့နေထား
မေတ္တာကို တိုင်တည်
ဒီဘဝမှာ ခုံရုံးတစ်ခု
ချစ်မုန်းပြိုင်ပွဲ တရားခွင်
ကံကြမ္မာ တရားရှင်က
နှလုံးသားကို တရားခံအဖြစ်နဲ့
"အရှုံးသမားလို့"
ဆုံးဖြတ်လိုက်တာက
မျှတမှု ရှိကြသေးရဲ့လား.......ဗျာ။ ။
နှလုံးသားတစ်ခုအရင်းပြု
ဘဝနှစ်ခု ပေါင်းစည်းဖို့
အချစ်တစ်ခုထဲနဲ့ မဖြစ်နိုင်တာ
နှလုံးသားနဲ့ရင်းမှ သိခဲ့တယ်...
အခုတော့ နားလည်သွားပြီ
အချစ်ဆိုတာ အပေါ်ယံ
စကားလုံးလေးပါပဲလား....
ဘယ်လောက်ပဲ (ချစ်တယ်)၂
ပြောခဲ့လည်း တကယ်တန်းကျတော့
အချစ်တစ်ခုထဲ မဟုတ်ပါကလား....
အရာရာကို နှိုင်းယှဉ်
အရာရာကို တွက်ချက်
အရာရာကို တွေးတောလာတယ်....
အဲချိန်မှာ အချစ်ဆိုတာ
မြူမှုန်လေးလောက်ပါ....
အချစ်ကို အလေးအနက်
အချစ်ကို တန်ဖိုးထားတာ
အပြောသက်သက်လား....
နောက်ဆုံးကျတော့
အရောင်တွေကို ဖုံးကွယ်ပေးတဲ့
အဖြူရောင်လေး ဟာ အချစ်ပါ....
အချစ်ကို လှန်မကြည့်နဲ့
ရင်ကို ခွဲမဲ့ အရောင်ထက်ထက်တွေ
ခုန်ထွက်လာမယ်....။ ။
အချစ်တစ်ခုထဲနဲ့ မဖြစ်နိုင်တာ
နှလုံးသားနဲ့ရင်းမှ သိခဲ့တယ်...
အခုတော့ နားလည်သွားပြီ
အချစ်ဆိုတာ အပေါ်ယံ
စကားလုံးလေးပါပဲလား....
ဘယ်လောက်ပဲ (ချစ်တယ်)၂
ပြောခဲ့လည်း တကယ်တန်းကျတော့
အချစ်တစ်ခုထဲ မဟုတ်ပါကလား....
အရာရာကို နှိုင်းယှဉ်
အရာရာကို တွက်ချက်
အရာရာကို တွေးတောလာတယ်....
အဲချိန်မှာ အချစ်ဆိုတာ
မြူမှုန်လေးလောက်ပါ....
အချစ်ကို အလေးအနက်
အချစ်ကို တန်ဖိုးထားတာ
အပြောသက်သက်လား....
နောက်ဆုံးကျတော့
အရောင်တွေကို ဖုံးကွယ်ပေးတဲ့
အဖြူရောင်လေး ဟာ အချစ်ပါ....
အချစ်ကို လှန်မကြည့်နဲ့
ရင်ကို ခွဲမဲ့ အရောင်ထက်ထက်တွေ
ခုန်ထွက်လာမယ်....။ ။
တကယ်တန်းဆိုရင်...
တွေးကြည့်ရင် ပြည့်စုံဖို့ဆိုတာ
အဝေးကြီးမှာ လက်မလှမ်းနိုင်ဘူး
ဒါပေမဲ့ ကြိုးစားစဲဘဝ
ဘာမှမဖြစ်လာသေးဘူးပေါ့
ခရောင်း လမ်းတွေ
ဖယောင်း လမ်းတွေ
ငါမသိဘူး…ငါသိတာ
အဖုအထစ်တွေ ဆူးခက်တွေ
တိုးတိုးကြိတ်နေတဲ့ လမ်းပဲ
ဒါပေမဲ့ ကြိုးစား လျှောက်စဲပဲ…
မိုးဆက်တွေနဲ့ အတူမျက်ရည်
ကြတဲ့အမှောင်ညတွေမှာ
အရက်တစ်လုံးက
ငါ့အတွက်အဖော်ကောင်းပဲ…
လက်ညှိုးထိုး လှောင်းရီသံတွေ
ကြားမှာ အပြုံးရဲ့ရဲ့လေးပြန်ပြုံးရ င်း
မနက်ဖြန်များစွာကို ကျော်ဖြတ်လို့
ကြိုးစားစဲပဲလေ…
တကယ်တန်းဆိုရင်…
မဖြစ်သေးခင် မအောင်မြင်သေးခင်
အပြစ်မမြင်ကြရင် သိပ်ကောင်းမှာပဲ…..
အဝေးကြီးမှာ လက်မလှမ်းနိုင်ဘူး
ဒါပေမဲ့ ကြိုးစားစဲဘဝ
ဘာမှမဖြစ်လာသေးဘူးပေါ့
ခရောင်း လမ်းတွေ
ဖယောင်း လမ်းတွေ
ငါမသိဘူး…ငါသိတာ
အဖုအထစ်တွေ ဆူးခက်တွေ
တိုးတိုးကြိတ်နေတဲ့ လမ်းပဲ
ဒါပေမဲ့ ကြိုးစား လျှောက်စဲပဲ…
မိုးဆက်တွေနဲ့ အတူမျက်ရည်
ကြတဲ့အမှောင်ညတွေမှာ
အရက်တစ်လုံးက
ငါ့အတွက်အဖော်ကောင်းပဲ…
လက်ညှိုးထိုး လှောင်းရီသံတွေ
ကြားမှာ အပြုံးရဲ့ရဲ့လေးပြန်ပြုံးရ င်း
မနက်ဖြန်များစွာကို ကျော်ဖြတ်လို့
ကြိုးစားစဲပဲလေ…
တကယ်တန်းဆိုရင်…
မဖြစ်သေးခင် မအောင်မြင်သေးခင်
အပြစ်မမြင်ကြရင် သိပ်ကောင်းမှာပဲ…..
Thursday, June 10, 2010
ချစ်လိုက်တာ ချစ်သူရယ်
ဒီနေ့သူနဲ့စကားတွေအများကြိးပြောဖြစ်တယ် ပျော်လိုက်တာ ရင်တွေ ခုန်တာ ခုထိမရပ်သေးဘူး သူနဲ့တွေ့လိုက်တိုင်းဘာကြောင့်ကျွန်တော့ရင်ခုန်သံတွေ သူနဲ့တွေ့လိုက်တိုင်း ပြန်နွေးထွေးသွားရတာလဲဗျာ.........သူ့ကို အရမ်းချစ်တယ်ဗျာ သူပြောတယ် သူ့မှာချစ်ရမယ့်သူရှိနေပြီတဲ့ ကျွန်တော်အားတင်းပြီးပြုံးနေလိုက်ပါတယ်ဗျာ.သူပျော်နိုင်မှာပါ ကျွန်တော်ဆိုတာ သူလိုအပ်တဲ့ အချိန်တိုင်းသူ့နားမှာ အမြဲရှိနေပေးမယ့် သူပဲလေ သူ့အတွက်ဆိုဘာဖြစ်ဖြစ် ကျွန်တော်ပေးဆပ်မယ်လို့ ဆုံးဖြတ်ပြီးသားဖြစ်နေတော့သူလိုအင်တွေ သူ့လိုအပ်ချက်တွေ ကျွန်တော် တက်နီုင်သလောက်ဖြည့်ဆည်းပေးချင်မိတာ ကျွန်တော့ မှာပျော်လိုက်တာ .. သူချစ်သူရသွားတာလည်း သူဆုံဖြတ်ချက်မှန်မယ် လို့ယူဆတယ်ဗျာ.ခုဒီစာလေးကို ရေးနေချိန်မှာ ကျွန်တော်အရမ်းချစ်တဲ့ ကောင်မလေးက သူအရမ်းကြိုက်တဲ့ သူရဲ့ အရုပ်လေးကို ဖက်ပြီးအိပ်မောကြနေလေရဲ့.. ချစ်လိုက်တာ ချစ်သူရယ်...
5:33am
6.11.2010
ကဗျာမဆန်တဲ့ ကျွန်တော့ရဲ့ဇာတ်လမ်း
နေရာဒေသမရှိ အချိန်မရွေး
ဖြစ်ပေါ်လာတက်တဲ့ အချစ်က
ကျွန်တော့စီ မျက်စိလည်လာတယ်
ကံကောင်းတာလားကံဆိုးတာလား
ကျနော်မဆုံးဖြတ်တက်..
အဆိုးတွေ အကောင်းတွေ ဆုံးဖြတ်တက်မှ
အချိန်တွေလွန်သွားပြီလေ.
အရာရာ အလိုလိုက်ခဲ့တယ်.
သူ့စိတ်တိုင်းကျ သူ့အလိုကျ
ဘာမဆိုခေါင်းညိတ်နေခဲ့တယ်
ချစ်တာတခုတည်းနဲ့
ဖြစ်လာသမျှရင်ဆိုင်မယ်ဆိုမှ
မထင်မှတ်တဲ့မီးတစက
ရင်ကိုလောင်မြိုက်စေခဲ့တယ်
ကျွန်တော်တန်ဖိုးထားချစ်ခဲ့တုန်းက
သူအလေးမထားခဲ့ဘူး
ကျွန်တော့အချစ်တွေရုပ်သိမ်းလို့
အဝေးကိုထွက်သွားမှ
သူနားလည်လာတာ ကျွန်တော်ယုံရမှာလား
မျက်စိ စုံမှိတ်ခေါင်းညိတ်နိုင်ဖို့
ကျွန်တော့်မှာ ခွန်အားတွေ မရှိတော့ပါ..
ဒါပေမယ့်.....
သံယောဇဉ်လက်ကျန်လေးကြောင့်
ကျွန်တော်သူ့ကို
ချစ်နေတုန်းပါပဲလေ...........
၁၁.၆.၂၀၁၀
ဖြစ်ပေါ်လာတက်တဲ့ အချစ်က
ကျွန်တော့စီ မျက်စိလည်လာတယ်
ကံကောင်းတာလားကံဆိုးတာလား
ကျနော်မဆုံးဖြတ်တက်..
အဆိုးတွေ အကောင်းတွေ ဆုံးဖြတ်တက်မှ
အချိန်တွေလွန်သွားပြီလေ.
အရာရာ အလိုလိုက်ခဲ့တယ်.
သူ့စိတ်တိုင်းကျ သူ့အလိုကျ
ဘာမဆိုခေါင်းညိတ်နေခဲ့တယ်
ချစ်တာတခုတည်းနဲ့
ဖြစ်လာသမျှရင်ဆိုင်မယ်ဆိုမှ
မထင်မှတ်တဲ့မီးတစက
ရင်ကိုလောင်မြိုက်စေခဲ့တယ်
ကျွန်တော်တန်ဖိုးထားချစ်ခဲ့တုန်းက
သူအလေးမထားခဲ့ဘူး
ကျွန်တော့အချစ်တွေရုပ်သိမ်းလို့
အဝေးကိုထွက်သွားမှ
သူနားလည်လာတာ ကျွန်တော်ယုံရမှာလား
မျက်စိ စုံမှိတ်ခေါင်းညိတ်နိုင်ဖို့
ကျွန်တော့်မှာ ခွန်အားတွေ မရှိတော့ပါ..
ဒါပေမယ့်.....
သံယောဇဉ်လက်ကျန်လေးကြောင့်
ကျွန်တော်သူ့ကို
ချစ်နေတုန်းပါပဲလေ...........
၁၁.၆.၂၀၁၀
Sunday, May 23, 2010
သွေးမဲ့ဒဏ်ရာ
ကြည်သာတဲ့ရာသီစက်ဝန်းမှာ စတင်ခဲ့တဲ့
တို့နှစ်ယောက်ရဲ့ သံယောစဉ်တွေ
အဲ့ဒီတုန်းးက
ဖိနပ်အသစ် စီးရတဲ့ ခြေထောက်တွေလို မြောက်ကြွလို့
(ဖိနပ်ပေါက်တက်ကြောင်း သတိမထားမိလို့ဖြစ်မယ်)
ရယ်မောနေသောမင်းမျက်ဝန်းညို
မတွေ့ရတဲ့နေ့တွေမှာ
ငါကသာသေမလောက်လွမ်းတက်ခဲ့ပြီး
မင်းကတော့..
"စိတ်မကောင်းပေမယ့် အိပ်ကောင်းပါတယ်"တဲ့
မျက်နှာလေးတောင်ဖောင်းလို့။
ရပ်တန့်ထားခဲ့ချင်တော့လည်း
ဆင်ခြေဆင်လက်တွေ မင်းအိပ်ကပ်ထဲအသင့်ထည့်လို့
ငါရဲ့အတည်တွေကို အရယ် တွေအဖြစ်
ခံစားတော့
နှာခေါင်းပိတ်ခံရသူလို မွန်ကျပ်လှပါတယ်
အသည်းနှလုံးကိုရင်းနှီးမြုပ်နှံခဲ့တဲ့ငါ့အတွက်
အမြတ်ကတော့ အသည်းကွဲခြင်းပါပဲ
သွေးစိမ်းရှင်ရှင်မကျခဲ့ပေမယ့်
ဒဏ်ရာကတော့နက်ခဲ့ပါပြီ
မိန်းကလေးရယ်
အနည်းဆုံးတော့(စစ်မှန်စွာ) ပြုံးပြခဲ့သင့်ပါတယ်။
တို့နှစ်ယောက်ရဲ့ သံယောစဉ်တွေ
အဲ့ဒီတုန်းးက
ဖိနပ်အသစ် စီးရတဲ့ ခြေထောက်တွေလို မြောက်ကြွလို့
(ဖိနပ်ပေါက်တက်ကြောင်း သတိမထားမိလို့ဖြစ်မယ်)
ရယ်မောနေသောမင်းမျက်ဝန်းညို
မတွေ့ရတဲ့နေ့တွေမှာ
ငါကသာသေမလောက်လွမ်းတက်ခဲ့ပြီး
မင်းကတော့..
"စိတ်မကောင်းပေမယ့် အိပ်ကောင်းပါတယ်"တဲ့
မျက်နှာလေးတောင်ဖောင်းလို့။
ရပ်တန့်ထားခဲ့ချင်တော့လည်း
ဆင်ခြေဆင်လက်တွေ မင်းအိပ်ကပ်ထဲအသင့်ထည့်လို့
ငါရဲ့အတည်တွေကို အရယ် တွေအဖြစ်
ခံစားတော့
နှာခေါင်းပိတ်ခံရသူလို မွန်ကျပ်လှပါတယ်
အသည်းနှလုံးကိုရင်းနှီးမြုပ်နှံခဲ့တဲ့ငါ့အတွက်
အမြတ်ကတော့ အသည်းကွဲခြင်းပါပဲ
သွေးစိမ်းရှင်ရှင်မကျခဲ့ပေမယ့်
ဒဏ်ရာကတော့နက်ခဲ့ပါပြီ
မိန်းကလေးရယ်
အနည်းဆုံးတော့(စစ်မှန်စွာ) ပြုံးပြခဲ့သင့်ပါတယ်။
သူငယ်ချင်း
ငါ့အရိုးများဆွေးမြေ့နေပါစေ
မင်းကိုငါမမေ့ဘူး
နွေနဲ့မိုးဆောင်း
ရာသီပြောင်းလဲခဲ့ပေမယ့်
ငါ့စိတ်တွေမပြောင်းခဲ့ဘူး
ဒါပေမယ့်တို့တွေက
သူငယ်ချင်း..။
ငယ်ဖော်ရင်းတွေမဟုတ်ခဲ့ပေမယ့်
သွေးသားရင်းတွေလိုခင်ခဲ့ကြ
တစ်ခါတရံမှာပေါက်တက်ကရတွေ ပြောကြ
တစ်ခါတရံမှာ ခံစားချက်တွေ ကဗျာအဖြစ်ပုံသွင်းကြ
တစ်ခါတစ်ရံမှာ နှလုံးသားဒဏ်ရာ တွေ ကုစားကြ
ဒါပေမယ့်မင်းနဲ့ငါ
မတွေ့ဖြစ်ခဲ့ကြဘူး
စာလေးတွေရေးပြီး
မမြင်ရတဲ့ သံယောစဉ်တွေ အပြည့်
ဒိလိုလူတွေမှ မခင်ခဲ့ကြရင်
ဒီလိုလူတွေမှ မရင်းနှီးခဲ့ကြရင်
နောင်သမိုင်းရေးမယ့်သူတွေ ထိုင်နေရလိမ့်မယ်။
မင်းကိုငါမမေ့ဘူး
နွေနဲ့မိုးဆောင်း
ရာသီပြောင်းလဲခဲ့ပေမယ့်
ငါ့စိတ်တွေမပြောင်းခဲ့ဘူး
ဒါပေမယ့်တို့တွေက
သူငယ်ချင်း..။
ငယ်ဖော်ရင်းတွေမဟုတ်ခဲ့ပေမယ့်
သွေးသားရင်းတွေလိုခင်ခဲ့ကြ
တစ်ခါတရံမှာပေါက်တက်ကရတွေ ပြောကြ
တစ်ခါတရံမှာ ခံစားချက်တွေ ကဗျာအဖြစ်ပုံသွင်းကြ
တစ်ခါတစ်ရံမှာ နှလုံးသားဒဏ်ရာ တွေ ကုစားကြ
ဒါပေမယ့်မင်းနဲ့ငါ
မတွေ့ဖြစ်ခဲ့ကြဘူး
စာလေးတွေရေးပြီး
မမြင်ရတဲ့ သံယောစဉ်တွေ အပြည့်
ဒိလိုလူတွေမှ မခင်ခဲ့ကြရင်
ဒီလိုလူတွေမှ မရင်းနှီးခဲ့ကြရင်
နောင်သမိုင်းရေးမယ့်သူတွေ ထိုင်နေရလိမ့်မယ်။
Saturday, May 22, 2010
အလှနှစ်ဆင့်ပိုင်ရှင်
မြင်ကတည်းက
ရင်ထဲမှာ ခင်.....
မျက်နှာထားချိုချိုမှာ
ပါးကွက်ကြား မစို့တစို့လေးရယ်
ညိုနွဲ့နွဲ့ယဉ်..။
ဆည်းလည်းသံလေးလိုပ
ငြိမ့်ငြိမ့်အေးလို့ ပျံ့ဝေလွင်
ချိုရွှင်တဲ့သူ့စကား
လက်ကြာငုံ
မပြတ်အာရုံ စိန္တေပါးမှာဖြင့်
တဘက်လေးရုံကာ သူညွတ်တွားတယ်
မြင့်မယ့် စိတ်ထား။
(ချစ်သူသို့)
ရင်ထဲမှာ ခင်.....
မျက်နှာထားချိုချိုမှာ
ပါးကွက်ကြား မစို့တစို့လေးရယ်
ညိုနွဲ့နွဲ့ယဉ်..။
ဆည်းလည်းသံလေးလိုပ
ငြိမ့်ငြိမ့်အေးလို့ ပျံ့ဝေလွင်
ချိုရွှင်တဲ့သူ့စကား
လက်ကြာငုံ
မပြတ်အာရုံ စိန္တေပါးမှာဖြင့်
တဘက်လေးရုံကာ သူညွတ်တွားတယ်
မြင့်မယ့် စိတ်ထား။
(ချစ်သူသို့)
အသွားမရှိတဲ့ ဓါးတစ်ချောင်း
ငါက
လူရာမ၀င်တဲ့ မိုးတိမ်တစ်ခု
လေနျင်ရာ တလါင့်လွင့် မျောပါရင်း
မိုးရွာချစရာ နေရာ တစ်ခုမှ ရှာမတွေ့သေးဘူး..။
ငါက
အလေဏတော ပင်လယ်တစ်စင်း
ခြေဦးတည့်ရာ စုံဆန် စီးဆင်းရင်း
ငွေ့ရည်ဖွဲ့စရာ နေရာတစ်ခုရှာမတွေ့သေးဘူး
လွတ်မြောက်မှုကိုရှာဖွေရင်း
ကိုယ့်ကိုယ် ကိုယ် ပြန်တုပ်နှောင်မိတဲ့အခါ
အရှိတရားကိုရှာဖွေရင်း
ကိုယ့်ကိုယ်ကိုယ် ပြန်ရှာမတွေ့နိုင်တဲ့အခါ
ငါက
မင်းအတွက်
အသွားမရှိတဲ့ ဓါးတစ်ချောင်း။
လူရာမ၀င်တဲ့ မိုးတိမ်တစ်ခု
လေနျင်ရာ တလါင့်လွင့် မျောပါရင်း
မိုးရွာချစရာ နေရာ တစ်ခုမှ ရှာမတွေ့သေးဘူး..။
ငါက
အလေဏတော ပင်လယ်တစ်စင်း
ခြေဦးတည့်ရာ စုံဆန် စီးဆင်းရင်း
ငွေ့ရည်ဖွဲ့စရာ နေရာတစ်ခုရှာမတွေ့သေးဘူး
လွတ်မြောက်မှုကိုရှာဖွေရင်း
ကိုယ့်ကိုယ် ကိုယ် ပြန်တုပ်နှောင်မိတဲ့အခါ
အရှိတရားကိုရှာဖွေရင်း
ကိုယ့်ကိုယ်ကိုယ် ပြန်ရှာမတွေ့နိုင်တဲ့အခါ
ငါက
မင်းအတွက်
အသွားမရှိတဲ့ ဓါးတစ်ချောင်း။
ကွန်ရက်
ရင်တစ်ခုလုံး လောင်ကျွမ်းခဲ့တယ်
လုံးပါးပါးလာတဲ့ နှလုံးသား
အရှူံးများထဲက ရုံးမထွက်နိုင်ခဲ့
တစ်ခါတစ်ခါ အိပ်မက်ထဲမှာ မင်းက
မီးမြှိက်လို့..
ဘ၀ဟာလောက်စာအပြည့်နဲ့
သံသရာ ၀ဋ်ကြွေးတွေ
ဆီမခန်းနိုင်တော့ ဘူးးးးးးးးးးးးးးးးးး
လုံးပါးပါးလာတဲ့ နှလုံးသား
အရှူံးများထဲက ရုံးမထွက်နိုင်ခဲ့
တစ်ခါတစ်ခါ အိပ်မက်ထဲမှာ မင်းက
မီးမြှိက်လို့..
ဘ၀ဟာလောက်စာအပြည့်နဲ့
သံသရာ ၀ဋ်ကြွေးတွေ
ဆီမခန်းနိုင်တော့ ဘူးးးးးးးးးးးးးးးးးး
ကိန်းသေအချစ်
အဖြေမဲ့ ပုစ္စာကို
ရင်တွင်းခံစားချက်နဲ့
အားဖြည့်တွက်ချက်မိခဲ့တယ်..
အဆုံးသက်မှာရခဲ့တဲ့
အရှူံးရဲ့ အရသာဟာ
ချိုမြိန်စူးရှလို့
နောင်တတရားကို မပွေ့ဖက်ခဲ့ဘူး
သေချာပါတယ်...။
နောက်တခါဆိုတဲ့ မျှော်လင့်ခွင့်လေး
ရှိဦးမယ်ဆိုတောင်
အမှတ်မရှိတဲ့နှလုံးသားက
အရင်လို..............
ချစ်ခွင့်ပန်မိမှာပါပဲ...........။
ရင်တွင်းခံစားချက်နဲ့
အားဖြည့်တွက်ချက်မိခဲ့တယ်..
အဆုံးသက်မှာရခဲ့တဲ့
အရှူံးရဲ့ အရသာဟာ
ချိုမြိန်စူးရှလို့
နောင်တတရားကို မပွေ့ဖက်ခဲ့ဘူး
သေချာပါတယ်...။
နောက်တခါဆိုတဲ့ မျှော်လင့်ခွင့်လေး
ရှိဦးမယ်ဆိုတောင်
အမှတ်မရှိတဲ့နှလုံးသားက
အရင်လို..............
ချစ်ခွင့်ပန်မိမှာပါပဲ...........။
Tuesday, May 11, 2010
အလွမ်းရဲ့အစ
ဒီဘလော့လေးကို ရေးထားတာကြာပြီ သူနဲ့တွေ့မှ စရေးထားတာ ပိုစ့်တွေကတော့ မရေးဖြစ်ဘူး
ရေးချင်စိတ်ရှိနေတာတောင် အလုပ်က မအားတော့ မရေးဖြစ်ဘူး ဒီဘလော့လေးကို ရင်ထဲက အလွမ်းတွေ အတွက် ရင်ဖွင့်စရာ အဖော်လေးအဖြစ် တနည်းအားဖြင့်တော့ ကျွန်တော့ရဲ့ ဒဏ္ဍာရီလေးပေါ့ :)
ရေးချင်စိတ်ရှိနေတာတောင် အလုပ်က မအားတော့ မရေးဖြစ်ဘူး ဒီဘလော့လေးကို ရင်ထဲက အလွမ်းတွေ အတွက် ရင်ဖွင့်စရာ အဖော်လေးအဖြစ် တနည်းအားဖြင့်တော့ ကျွန်တော့ရဲ့ ဒဏ္ဍာရီလေးပေါ့ :)
Subscribe to:
Posts (Atom)